ပါဝင်သောပစ္စည်းများ

  1. လတ်ဆတ်တဲ့ မုန်လာဥနီ - ၃ ဥ
  2. မြေပဲဆန် - အနည်းငယ်
  3. ပုစွန်ခြောက် - အနည်းငယ်
  4. ငရုပ်သီးစိမ်း - အနည်းငယ်
  5. ကြက်သွန်နီကြော် - အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

ရေဆေးသန့်စင်ပြီးတဲ့ မုန်လာဥနီတွေကို အပေါ်ယံ အညစ်အကြေးတွေ ဖယ်ပစ်တဲ့ အနေနဲ့ ထုံးစံအတိုင်း ဓားနဲ့ခြစ်လိုက်ပါမယ်။ ပြီးရင်တော့ စိန်ခလုတ်နဲ့ အမျှင်သေးသေးနဲ့ တိုတိုလေးတွေရအောင် ခြစ်ပါမယ်။ အမျှင်သေးပြီး မရှည်မှလည်း သုပ်တဲ့အခါ နူးနူးညံ့ညံ့နဲ့ ထွေးထွေးလေး ဖြစ်နေစေမှာပါ။


မုန်လာဥနီတွေ ခြစ်ပြီးပြီဆိုရင်တော့ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ သုံးလုံးလောက်ကို မွှေးပြီး ရဲနေအောင် ကြော်ပေးထားပါ။ ကြက်သွန်နီကြော်ကို သပ်သပ်ဖယ်ထားပြီး ခုနခြစ်ထားတဲ့ မုန်လာဥနီထဲကို ကြက်သွန်ကြော်ထားတဲ့ ဆီချက်လေး နည်းနည်း စမ်းပေးပါ။ ပဲဆီသန့်ဆီချက်နံ့လေး သင်းရုံပဲထည့်မှာ ဖြစ်ပါတယ်။


ပြီးတော့ အသင့်ထောင်းထားတဲ့ မြေပဲဆန်၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်တို့ကို ထည့်ပါ။ ငံပြာရည်အနည်းငယ်နဲ့ ဆားလည်း ထည့်ပါမယ်။ သက်သတ်လွတ်စားချင်တဲ့ သူတွေကတော့ ပုစွန်ခြောက်နဲ့ ငံပြာရည်ကို ရှောင်ပြီး သုပ်လို့ရပါတယ်။


အားလုံးထည့်ပြီးသွားလို့ သံပရာသီးနှစ်စိပ်လောက်ညှစ်ပြီး နယ်ဖတ်၊ အရသာ မြည်းကြည့်ပြီး အနေတော်ပဲဆိုရင်တော့ အပေါ်ယံကနေ ကြော်ထားတဲ့ ကြက်သွန်နီတွေကို ဖြူးပေးလိုက်ရုံပါပဲ။

Leave a Reply